စက်ဆီချောဆီနှင့် ဆက်စပ်ပစ္စည်းများသည် တိုင်းပြည်၏ တည်ဆောက်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည်စီးဆင်းရေး လုပ်ငန်း များစသည့် တိုင်းပြည်အတွက် အရေးကြီးသော လုပ်ငန်းကဏ္ဍများရှိ စက်ယာဉ် ယန္တရားများတွင် မရှိမဖြစ် လိုအပ်ပါသည်။ အရည်သွေးမီ စက်ဆီချောဆီများ သုံးစွဲခြင်းဖြင့် စက်ယာဉ်၊ ယန္တရားများ စက်စွမ်းအားပြည့် ချောမွေ့စွာမောင်းနှင်နိုင်ခြင်း၊ စက်သက်တမ်းကို ပြည့်ဝစွာအသုံးပြုနိုင်ခြင်း၊ ပျက်စီးယိုယွင်းမှု နည်းပါး ခြင်း၊ ကုန်ကျစရိတ်လျော့နည်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
အောက်ဖေါ်ပြပါ အသင်းအဖွဲ့များနှင့် တသီးပုဂ္ဂလ တစ်ဦး ချင်း တို့သည် ဤအသင်းတွင် အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသည်-
အသင်း၏ အသင်းသားအမျိုးအစားများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ရမည်-
အသင်း၏ သင်းဖွဲ့စည်းမျဥ်း အခန်း (၂) အပိုဒ် ၇ (က)(ဂ)(ဃ)(င) အထိ အကျုံးဝင်၍ အသင်းက အသင်းသားအဖြစ် တရားဝင်လက်ခံအသိအမှတ် ပြုခံ ရသော အသင်းအဖွဲ့ များနှင့် တသီးပုဂ္ဂလတစ်ဦးချင်း မြန်မာနိုင်ငံသားများ၊
သင်းဖွဲ့စည်းမျဥ်း အခန်း(၂) အပိုဒ် ၇(ခ)ပါ အရည်အချင်းပြည့်စုံ၍ အသင်းတွင် သာမန်အသင်းသား (သို့မဟုတ်) ရာသက်ပန်အသင်းသားအဖြစ် ဝင်ရောက်ထား သော အသင်း အဖွဲ့နှင့် လုပ်ငန်းတူအစုအဖွဲ့များ၊
သင်းဖွဲ့စည်းမျဥ်း အခန်း(၂) အပိုဒ် ၇ အပိုဒ်ခွဲ (စ)ပါ အရည်အချင်းပြည့်စုံသူ နိုင်ငံခြားသားများပိုင် စက်ဆီ၊ ချောဆီ လုပ်ငန်းရှင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း (သို့မဟုတ်) ကိုယ်စားလှယ်လွှဲအပ်ခံရသူ တွဲဖက်အသင်းသားသည် အသင်းက ဖိတ်ကြားထားသော အစည်းအဝေးများ၊ အခမ်းအနားများတွင် တက်ရောက် ဆွေးနွေးအကြံပေးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမဲပေးခွင့် မရှိစေရ။