CEC/EC

(အလုပ်အမှုဆောင်အဖွဲ့အကြောင်း)

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်းကို အသင်းဝင်များ၏ ဆန္ဒဖြင့်ဖွဲ့စည်းခဲ့ပြီး အသင်း၏စီမံခန့်ခွဲရေးကော်မတီဝင်များအား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါ သည်-

စီမံခန့်ခွဲရေးကော်မတီအဖွဲ့၀င်များစာရင်း

စဥ် အမည် Company (Brand) တာ၀န်
ဦးအေးထွန်း Aung Thein Than Co., Ltd. (Caltex) ဥက္ကဋ္ဌ
ဒေါ်စောနေနွယ် AA Marketing Co., Ltd (Total) ဒုဥက္ကဋ္ဌ (၁)
ဦးပြည့်စုံ AKT Holding Co., Ltd (Mobil) ဒုဥက္ကဋ္ဌ (၂)
ဦးကျော်ကျော်လင်း Ye Yint Company Limited. (Stallion) အထွေထွေအတွင်းရေးမှူး
ဦးကျော်ဦး Super Myanmar Trading Co., Ltd (Turvo) တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)
ဦးမောင်မောင်သက်အောင် Annarwar Tun Co., Ltd(Trane) တွဲဘက်အထွေထွေအတွင်းရေးမှူး(၂)
ဦးစိုးမင်းဟန် Delta International Co., Ltd (World lubricants) ဘဏ္ဍာရေးမှူး
ဒေါ်၀င်းလဲ့အေး Triangle Trading Co., Ltd (AP Oil) စာရင်းစစ်

ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း။

အသင်း၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသော လုပ်ငန်းစဥ်များ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်း၊ မူဝါဒပေါ်လစီများ ချမှတ်လုပ်ကိုင်ပေးခြင်း၊ လုပ်ငန်းစီမံချက်များ ချမှတ်လမ်းညွှန်ထိန်းကျောင်းကြီးကြပ်ကွပ်ကဲခြင်း ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဖွဲ့စည်း၍ အသင်းသားများထဲမှ ဆန္ဒမဲ ပေးခွင့်ရှိသူများ၏ ဆန္ဒဖြင့် အောက်ပါအတိုင်း ရွေးချယ်ရမည်-

  1. ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအတွက် အလို အလျောက် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းခံရသူများများမှအပ ကျန်လိုအပ်သော အလုပ်အမှုဆောင်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ မဲဆန္ဒဖြင့် ရွေးချယ်ရမည်။ အလုပ်အမှုဆောင်ဦးရေ (၃၅) သတ်မှတ်သည်။
  2. ယင်းအလုပ်အမှုဆောင် (၃၅) ဦးက အောက်ဖော်ပြပါ ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်များကို ထပ်မံရွေးချယ်တင်မြောက်ရမည်။
    (၁) ဥက္ကဋ္ဌ ဦး
    (၂) ဒု-ဥက္ကဋ္ဌ ဦး
    (၃) အထွေထွေအတွင်းရေးမှူး ဦး
    (၄) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦး
    (၅) ဘဏ္ဍရေးမှူး ဦး
    (၆) အကျိုးဆောင်စာရင်းစစ် ဦး
    (၇) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၃ ဦး
    ဗဟိုအလုပ်အမှုဆောင်စုစုပေါင်း ၂၁ ဦး
    (၈) အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၄ ဦး
    (ဗဟိုအလုပ်အမှုဆောင် +
    အလုပ်အမှုဆောင်စုစုပေါင်း ၃၅ ဦး
  3. ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်ရွေးချယ်ရာတွင် လိုက်နာရမည့်အချက်များ
    1. အလုပ်အမှုဆောင်အဖွဲ့ဝင်များကို အောက်ပါကိုယ်စားလှယ်များအတိုင်း ဖွဲ့စည်း ရမည်။ အောက်ဖော်ပြပါ အလုပ်အမှုဆောင်မှ ကိုယ်စားလှယ် ၁ ဦးစီသည် ဆန္ဒမဲပေး ၍ရွေးချယ်ရန်မလိုဘဲ အလိုအလျောက် အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် သတ်မှတ် ခြင်းခံရမည်။
      1. ညီနောင်အသင်းမှ စေလွှတ်သောကိုယ်စားလှယ် ၁ ဦးစီ
      2. ပြည်နယ်/တိုင်းဒေသကြီး နေပြည်တော်ကောင်စီတို့ထံမှ စက်ဆီ၊ ချောဆီ လုပ်ငန်းဆိုင်ရာအသင်းများမှ ကိုယ်စားလှယ် ၁ ဦးစီ
    2. အသင်း၏လိုအပ်ချက်အရ အမှုဆောင်အရေအတွက် (Quota) ကို ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးမှ လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်။
  4. လစ်လပ်သောနေရာများအတွက် ရွေးချယ်ဖြည့်ဆည်း တာဝန်ပေးရန် လိုအပ်သည် ဟု ဆုံးဖြတ်ပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အောက်ပါအတိုင်း ဆောင်ရွက် ရမည်-
    1. ဥက္ကဋ္ဌရာထူးနေရာဖြစ်ပါက ဒုတိယဥက္ကဋ္ဌထဲမှ တစ်ဦးဦးအား ဗဟိုအလုပ် အမှုဆောင်ဝင်များ၏ ဆန္ဒဖြင့် ရွေးချယ်တင်မြောက်ရမည်။
    2. အထွေထွေအတွင်းရေးမှူးရာထူးနေရာဖြစ်ပါက တွဲဖက်အထွေထွေအတွင်း ရေးမှူးများထဲမှ တစ်ဦးဦးအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ မဲဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ရမည်။
    3. အခြားအဓိကရာထူးနေရာများဖြစ်ပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ထဲမှ တစ်ဦးဦးအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ရမည်။
    4. လစ်လပ်သော ဗဟိုအလုပ်အမှုဆောင်များရှိပါက အလုပ်အမှုဆောင်များထဲမှ မဲဆန္ဒဖြင့် ရွေးချယ်တင်မြောက်ရမည်။
  5. စီမံခန့်ခွဲရေးကော်မတီရွေးချယ်ခြင်း
    1. အသင်း၏ စီမံခန့်ခွဲရေးကော်မတီကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဓိက ရာထူး တာဝန်ကို ထမ်းဆောင်နေသော ပုဂ္ဂိုလ်များ၏ ဦးရေအတိုင်း ယင်းပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
    2. စီမံခန့်ခွဲ‌ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ က လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးကလည်းကောင်း၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူးကလည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး တစ်ဦး ကလည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး ကျန်ပုဂ္ဂိုလ် များသည် အဖွဲ့ဝင်များ အဖြစ် ပါဝင်ဆောင် ရွက်ကြရမည်။