ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအကြောင်း (About PPRD)

  1. မူဝါဒ (၇)ရပ်
    1. ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်။
    2. စျေးကွက်အတွင်း Supply နှင့် Demand မျှတမှုရှိစေရေး ကြီးကြပ် ဆောင်ရွက်ရန်။
    3. ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများဖော်ထုတ်ရန်။
    4. ဥပဒေ၊ စည်းမျဥ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲသတ်မှတ်ရန်။
    5. နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို အလေးထားဆောင်ရွက်ရန်။
    6. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်။
    7. နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်။
  2. စက်ဆီ၊ ချောဆီ နှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ PPRD မှ ခွင့်ပြုထုတ်ပေးလျက် ရှိသည့် လုပ်ငန်းလိုင်စင်အမျိုးအစားများ
    1. ပြည်ပမှစက်ဆီ/ချောဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း
    2. ပြည်တွင်း၌ စက်ဆီ/ချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း
    3. ပြည်ပမှဆက်စပ်ရေနံထွက်ပစ္စည်းSpecilalties များ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း
    4. ပြည်တွင်း၌ Finished Specilalties များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း
  3. စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း နှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ
    • API သို့မဟုတ် ISO သို့မဟုတ် အလားတူ နိုင်ငံတကာအဖွဲ့အစည်းများတွင် မှတ်ပုံတင် ထားရှိသော အရည်အသွေးပြည့်မီသည့် စက်ဆီ၊ ချောဆီ အမျိုးအစား များဖြစ်ရမည်။
    • သို့မဟုတ်ပါက နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းမှ စမ်းသပ်ရရှိသည့် ကုန်ပစ္စည်းဆိုင်ရာစမ်းသပ် မှုရလဒ်များ တင်ပြနိုင်ရမည်။
    • သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်အဖွဲ့အစည်းမှ ခွင့်ပြုထုတ်ပေးထားသည့် Certificate နှင့် License ခွင့်ပြုချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စက်ရုံများမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ရမည်။
    • ပြည်ပမှ စက်ဆီ၊ ‌ချောဆီများတင်သွင်းရာတွင် ထုတ်လုပ်သည့်စက်ရုံမှ တိုက်ရိုက် Distributor ခန့်အပ်စာ သို့မဟုတ် Agreement သော်လည်းကောင်း၊ တဆင့်ခံ တင်သွင်းခြင်းဖြစ်ပါက အဆင့်ဆင့်ထုတ်ပေးထားသော Distributor ခန့်အပ်စာ သို့မဟုတ် Agreement သော်လည်းကောင်း ရရှိပြီးဖြစ်ရမည်။
    • လိုင်စင်ခွင့်ပြုပြီး Brand Name ဖြင့်ထုတ်လုပ်သည့် Product များအားလုံးကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မူလလိုင်စင်ပါ Brand Name ဖြင့် Product အသစ်များ ထပ်တိုးတင်သွင်းလိုပါက PPRD အမှတ်တံဆိပ်ပါ Code No. များ ထပ်မံ လျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ တင်သွင်းရမည်။
    • သတ်မှတ်အမှတ်အသားများပါသည့် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက် ပစ္စည်းများ ဆိပ်ကမ်းသို့ ရောက်ရှိလာပါက ပထမအကြိမ်တင်သွင်းမှုများအတွက် နမူနာရယူ၍ အရည်အသွေးစစ်ဆေးစမ်းသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အရည်အသွေးပြည့်မီ မှန်ကန်မှသာ ဆိပ်ကမ်းမှ ထုတ်ယူခွင့်နှင့် စျေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူး ရောင်းချ ခွင့်ပြုမည်။
  4. လိုင်စင်ထုတ်ပေးပြီးစီးမှု

    ၁၆-၁၀-၂၀၂၂ မှ ၂၈-၂-၂၀၂၂ ရက်နေ့အထိ ပြည်ပမှ စက်ဆီ၊ချောဆီနှင့် ဆက်စပ် ရေနံ ထွက်ပစ္စည်း Specialties များ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းအတွက် ကုမ္ပဏီ ၂၅၃ ခုအား ခွင့်ပြုထုတ်ပေးခဲ့သည့် လုပ်ငန်းလိုင်စင်ပေါင်း ၃၈၈ ခု ရှိပြီဖြစ်ပါသည်။