About the Chambers (အသင်းချုပ်အကြောင်း)

ရည်မှန်းချက်


စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်းသည် စက်ဆီချောဆီနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများအား ကိုယ်စားပြု၍ စျေးကွက်အတွင်း အရည်အသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ရောင်းချဖြန့်ဖြူးနိုင်စေရန် နှင့် ထုတ်လုပ်၊ တင်သွင်းသူ၊ သုံးစွဲသူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ နိုင်ငံတော်၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ GDP တိုးတက်စေပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးတို့ဖြင့် နိုင်ငံတော်အား အထောက်အပံ့ဖြစ်စေရန် လည်းကောင်း ရည်ရွယ်၍ ရပ်တည်လျက်ရှိသောအသင်း ဖြစ်ပါသည်။

...

ရည်ရွယ်ချက်

  1. စက်ဆီချောဆေီနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်။
  2. စက်ဆီချောဆေီနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအား ကိုယ်စားပြု၍ လုပ်ငန်းဆောင်ရွက်သူများနှင့် သုံးစွဲသူများ၏ အကျိုးစီးပွား အား အကာအကွယ်ပေးသည့် အဖွဲ့အစည်းအဖြစ်ရပ်တည်ရန်။
  3. အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ တည်ဆောက်ရေး ကဏ္ဍ၊ သတ္တုကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍ စသည့် ကဏ္ဍအသီးသီးတွင် လုံခြုံစိတ်ချ ရပြီး နိုင်ငံတကာအဆင့်မီ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ရောင်းချနိုင် ရေးနှင့် ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန်။
  4. ပြည်တွင်း၌ အသုံးပြုနေသော စက်ရုံများ၊ ယာဥ်ယန္တရားများ၊ ရေယာဥ်များ၊ စက်ပစ္စည်းကိရိယာများ၏ စက်ဆီ၊ ချောဆီလိုအပ်ချက်များကို စံချိန်စံညွှန်းပြည့်ဝသော စက်ဆီ၊ ချောဆီများဖြင့် ဖြည့်တင်းဆောင်ရွက်နိုင်ရန်။
  5. စက်ဆီချောဆေီနှင့်ဆက်စပ်ပစ္စည်းဆိုင်ရာ ကုန်ပစ္စည်းများ၏ စျေးကွက်၊ နည်းပညာဆိုင်ရာ အချက်အလက်များကို စုစည်းဖြန့်ဝေနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
  6. စက်ဆီ၊ ချောဆီ အရည်အ‌သွေးသတ်မှတ်ရာတွင် နိုင်ငံတကာ စံချိန်စံနှုန်းများ အတိုင်း ကိုက် ညီမှုရှိစေရန်နှင့် အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှုရှိသော စက်ဆီချောဆီ နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချခြင်းဖြင့် သုံးစွဲသူအခွင့်အရေးကို အပြည့်အဝ ရရှိစေပြီး စက်ပစ္စည်းများကို သက်တမ်းအပြည့်အဝ အကျိုးရှိစွာ အသုံးပြုနိုင်စေရန်။
  7. Used Oil များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး၊ အများပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး၊ Used Oil များကို စနစ်တကျ Recycle အဖြစ် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်။
  8. တင်သွင်းလာသော စက်ဆီ၊ ချောဆီများနှင့် ဆက်စပ်ပစ္စည်းများ၏ သတ်မှတ် စံချိန် စံညွှန်းများညီညွတ်ရေးအတွက် ပုံမှန်စစ်ဆေးခြင်းတို့ကို အသင်းမှကြီးကြပ်၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  9. စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းတို့၏ ထုတ်လုပ်မှု နည်းပညာများ သုတေသနနှင့် တီထွင်ကြံဆဖြစ်ပေါ်လုပ်ကိုင်လာနိုင်စေရန်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအတွက် အထောက် အကူပြု မွမ်းမံသင်တန်းများ ဆောင်ရွက်၍ လေ့ကျင့် ပျိုးထောင်ရန်။
  10. သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အသိအမှတ်ပြု အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ အသင်းသားများ၏ အခက်အခဲများနှင့် အငြင်းပွားမှုများကို ကူညီဖြေရှင်းပေးနိုင်ရန်။
  11. ဖေါ်ပြပါ ရည်ရွယ်ချက်များအား အထမြောက် အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုမည့် ဥပဒေများ၊ နည်းဥပဒေများပေါ်ပေါက် ဖြစ်ပေါ်လာစေရေး ဥပဒေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။
...
...

အခြေခံမူ

  1. စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်း လုပ်ငန်းကဏ္ဍများကို စစ်မှန်စွာ ကိုယ်စားပြုမည့် အသင်း၏အကျိုးစီးပွား ဖော်ဆောင်နိုင်မည့် အသင်းဝင်များဖြင့် တရား မျှတပြီး ပွင့်လင်းမြင်သာမှုရှိ၍ စည်းလုံးညီညွတ်စွာဖြင့် စိတ်အားထက်သန်စွာ စနစ်တကျ ပါဝင်ဆောင် ရွက်ကြစေရန်။
  2. အသင်း၏ သင်းဖွဲ့စည်းမျဥ်းတွင် ဖော်ပြပါရှိသည့် စည်မျဥ်းစည်းကမ်းများအား လိုက်နာ ဆောင်ရွက်ရန်။
  3. နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးကို ဦးထိပ်ထား၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်တပ်တစ်အား ပံ့ပိုးကူညီဆောင်ရွက်ရန်။