၂၇-၁၂-၂၀၂၂ ရက်နေ့ Novotel Yangon Max ၊ ပြည်ခန်းမ၌ စက်ဆီ၊ ချောဆီ နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ “ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး” ကျင်းပခြင်း စက်ဆီ၊ ချောဆီ နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ “ပထမ အကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး” ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် Novotel Yangon Max ၊ ပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးအေးထွန်း၊ ဥက္ကဋ္ဌ စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ ဦးဆောင်၍ ဦးသန်းထွန်းဦး၊ ဒုတိယစစ်ဆေးရေးအရာရှိချုပ် (အောက်မြန်မာ ပြည်)၊ ရန်ကုန်တိုင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ အသင်း၏စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်၍ ညွှန်ကြားရေးမှူးချုပ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၏ အဖွင့် အမှာစကားစာလွှာအား ဦးသန်းထွန်းဦးက ဖတ်ကြား၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဦးကျော်ကျော်လင်း၊ အထွေထွေအတွင်းရေးမှူးက၂၀၂၁-၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းခြင်း၊ ဦးစိုးမင်းဟန်၊ ဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးအခြေအနေများ တင်ပြခြင်းနှင့် ငွေကြေးသုံးစွဲမှုများ အတည်ပြုခြင်းကိစ္စရပ်များရှင်းလင်းခြင်း နှင့် ဒေါက်တာစောနေနွယ်၊ ဒုတိယ ဥက္ကဋ္ဌက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခြင်း စသည့်အစီအစဥ်များဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အသင်းသားစုစုပေါင်း ၁၅၄ ယောက် တက်ရောက် ခဲ့ပါသည်။

  27 / Dec / 2022

...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...