၁၉-၈-၂၀၂၃ ရက်နေ့ကျင်းပသည့် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း (LSEA)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

  19 / August / 2023

၁၉-၈-၂၀၂၃ ရက်နေ့ကျင်းပသည့် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း (LSEA)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း Novotel Yangon Max Hotel ၌ ကျင်းပသည့် အသင်းသားစုံညီလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး တွင် ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ထိ စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်း တင်သွင်းမှူစာရင်း ၁၈ လစာ ၁၀၀% နှင့် LSEA ရှိ ၂၀၂၂-၂၀၂၃ (ဧပြီလ မှ မတ်) ၊ ၂၀၂၃-၂၀၂၄ (ဧပြီ မှ ဇူလိုင်) အထိ ၁၆ လစာ ၁၀၀ % စာရင်းအား ကောက်ယူ၍ ပျမ်းမျှတစ်လစာအား ၇၀% သို့တွက်ချက်၍ Quota စနစ်ဆောင်ရွက်ရန်၊ တင်ဒါအောင်မြင်သည့် ကိစ္စရပ်တိုင်းအား ဦးစားပေးတစ်ရပ်အဖြစ် စဥ်းစားရန်၊ အုပ်စု ၃ ခု အဖြစ် ကတ္တရာ (Bitumen) အုပ်စု၊ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းအုပ်စု နှင့် တင်ဒါအုပ်စုဟူ၍ ခွဲခြားရန်၊ ဆိပ်ကမ်းသို့ ရောက်ရှိပြီး ကိစ္စရပ်များအတွက် ယခုအကြိမ်သည် နောက်ဆုံးအကြိမ် တင်သွင်းခြင်းသာ ဖြစ်ပါကြောင်း ခံဝန်ကတိ ပြု၍ ဆောင်ရွက်ပေးရာတွင် DO Date ကို ကြည့်၍ ဦးစားပေးရန်၊ ကုမ္ပဏီ (New Comers) များ အနေဖြင့် Brand အသစ်တင်သွင်းရာတွင် တင်သွင်းမှုစာရင်း မရှိသေးသဖြင့် သီးခြားကိစ္စရပ်အဖြစ် ဆောင်ရွက်ရန်တို့ကို တက်ရောက်လာသည့် အသင်းဝင်အားလုံးမှ သဘောတူ/မတူ မှတ်တမ်းတင်ခြင်း အစီအစဥ်အား ဆောင်ရွက်၍ အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

...
...
...