08 / February / 2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်း (LSEA) ရုံးခန်းမ၌ ကျင်းပသည့် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဥ် (၂/၂၀၂၄) တွင် Quota စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် သွင်းကုန်လိုင်စင်များ လျှောက်ထား မှုတွင် ကုမ္ပဏီများမှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ ၂၀၂၃ ခုနှစ်၊ External Audit Report ပါ အချက်အလက်များအားရှင်းလင်းခြင်း၊ ရွေးချယ်တင်မြောက်ခြင်းပါရှိသည့် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပမည့် အခြေအနေ နှင့် LSEA Website တွင်ပါရှိရမည့် အချက်အလက်များ၊ ပြင်ဆင်ရန်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။